Computer တစ်လုံးကို အလွယ်ကူ အရိုးရှင်းဆုံး ဖြင့် လျင်မြန်အောင်လုပ်နည်း
မိတ်ဆွေသင့် ကွန်ပျူတာ က အသုံးပြုကတာ အတော်လေးကို နှေးကွေးနေပြီဆို ရင်တော့ ပထမဆုံး ဒီအချက်သုံးချက်ဖြင့် အရင် Cache Memory(L1,L2) သို့ Temporarily RAM ကို သန့်ရှင်းကြည့်ပါ။
၁။ ကွန်ပျူတာ ကီးဘုတ်မှ Win+R ကို နှိပ်ပါ။ နောက်ပေါ်လာသော Run box မှာ Recent ဆိုသော စာသားကိုရိုက်ထည့်ပါ။ ထို့နောက် ကျလာသော recent file အားလုံးကို ဖျက်ပေးပါ။
၂။ကွန်ပျူတာ ကီးဘုတ်မှ Win+R ကို နှိပ်ပါ။ နောက်ပေါ်လာသော Run box မှ %temp% ဆိုသော စာသားကိုရိုက်ထည့်ပါ။ ထို့နောက် ကျလာသော ယာယီသိမ်းပေးထားသော Cache ပေါ်မှ temp file အားလုံးကို ဖျက်ပေးပါ။
၃။ကွန်ပျူတာ ကီးဘုတ်မှ Win+R ကို နှိပ်ပါ။ နောက်ပေါ်လာသော Run box မှ Prefetch ဆိုသော စာသားကိုရိုက်ထည့်ပါ။ ထို့နောက် ကျလာသော ယာယီသိမ်းပေးထားသော Cache ပေါ်မှ temp file အားလုံးကို ဖျက်ပေးပါ။
အားလုံးအဆင်ပြေကြပါစေ။
Comments
Post a Comment